ပန်းဇလပ် ၊ နန်းထက်
အခက်ထန်ဆုံးအပြုံး
သူသုံးကာ ၊ လူကို ခနဲ့လေအံ့
သောကဆွေးပူ၊ စိုးရိမ်ဗျာပါ
ကာကွယ်ဆူးများ ၊နှင်းဆီမဟုတ်
နင်ဟာ ပန်းဇလပ် ၊ချူချင်သူများပါသည်
စိုးရိမ်ကြီးပါဘိ....အားကြီးကြီး
ချစ်လွန်းလို့ငြိမ်သက်
တစ်ဖက်ကမ်း၊လှမ်းသည်မထင်နဲ့
ရင်ထဲကပန်းဇလပ်၊နမ်းရလွန်းလို့
နွမ်းမည်စိုးရိမ်
အကြွေမစောလိုက်ပါသေးနဲ့ဦး
ဟိုအပင်ထက်၊ကျက်သရေတင့်တယ်နေ.....
လေယူရာယိမ်း၊ တိမ်းနွဲ့လို့
လေသိမ်းကာကနေသည့်၊ပန်းဇလပ်
သည်အခက်နွယ်မခိုင်၊ ကြွေခါနီးရောပ
အကြွေကိုစောင့်မျှော်နေသေးလည်း
ကိုယ်ကိုတိုင်၊အကြွေကို မကြည့်ရက်
ကိုယ်တိုင် ခူးဆွတ်တော့မယ်
No comments:
Post a Comment