ကဗျာလေးရယ်
နင်လှဖို့အတွက်
ငါ့နှလုံးသားက
အစမ်းသပ်ခံဆိုလည်း
ကျေနပ်ပါတယ်
ကာရန်ညီဖို့အတွက်
နရန်ပဖို့အတွက်
တို့နှလုံးသားက
အဆင်တန်ဆာဆိုရင်
လိုရာမှာ အသုံးချပါ
တကယ်လို့များ
ကဗျားလေးကို
အဆုံးသတ်ချင်ပီဆိုလည်း
ကိုကိုယ်တိုင် ပုဒ်မ ချ ပေးသွားမှာပါ
မငြိုမငြင်ပဲ ကဗျားလေးတစ်ပုဒ် လှဖို့ဆိုရင်ပေါ့နော်.......................
No comments:
Post a Comment