မောင့်အထင်မြင်လေတာက
ကျမဘဝင်တခဏတာမရွှင်လည်း
အချစ်မခံရတော့လို့ထင်။။
နက်နံတခါ ညတကြိမ်ဖုန်းမကိုင်လည်း
အချစ်မခံရတော့လို့ထင်၊၊
မောင့်အမြင်မကြည်ထင်နေတာမို့
မောင့်စိတ်ဘဝင်ထာဝစဉ်ရွှင်အောင်
ကတိ စကားပြောလိုက်ခြင်တယ်
ဒီတသက်နောင်အဆက်ဆက်
မောင့်ကိုသခင်အချစ်ဘုရင်
ထာဝစဉ်မောင့်ထံခစားနေရသူ
ဲဖြစ်မယ်ဆိုတာအကြွင်းမဲ့
ယုံကြည်ပေးပါမောင်။။
ဇလပ်နွယ်
No comments:
Post a Comment