အပြုံးချိုချိုအမူပိုကာ
အလွန်လှတဲ့မောင့်ချစ်သူ
မင်းကိုဧကန်ချစ်ပါသဖြင့်
မောင့်လက်ဆောင်အမှန်ပေးမယ်
အမြန်လိမ်ချယ်လာခဲ့ကွယ်
မောင့်ဆိုစကားရင်ဝယ်ထားလို့
ကျမပါးပြင်အလှဆင်ဖို့
မောင်ပေးတဲ့လက်ဆောင်
ရှင်မတောင်သနပ်ခါးအမှန်ချယ်သကာ
မောင့်ထံအသွားမြင်သူတကာ
သမင်လည်ပြန်အမှန်ကြည့်တော့ရှက်ရပြန်သေး
မောင့်ထံရောက်သွား
မောင့်ပြုံးချိုမြမျက်နှာလှနဲ့တည်ကြည်ကျက်သရေ
ဲိ့ပြီးပြည့်စုံတဲ့မောင့်အကြည့်အောက်
ရှက်သွေးဖျာနေရပါလည်း
ရွှေဘဝင်ဆူကျေနပ်သဖြင့်
အမြဲမပြတ်ကျမပါးပြင်
ရှင်မတောင်သနားခါးအမှန်ချယ်သနေတော့မယ်နော်
No comments:
Post a Comment