လွမ်းလိုက်တာ ချစ်သူရယ်

လွမ်းလိုက်တာ ချစ်သူရယ်
ရေမြေခြားချစ်သူတိုင်း ချစ်နိုင်ကြပါစေ

Saturday, June 8, 2013

ဧည့်သည်ရထား....

ရပ်ဝေးကဧည့်သည်ရထား
အလံစိမ်းမပြပဲ
ရင်ထဲက ဘူတာကို
တဟုန်ထိုး ချိုးကွေ့ကာ ၀င်လာခဲ့ပေါ့
ဧည့်သည်ရယ် အလည်သက်သက်ပဲလား
ခမ်းနားလှတယ့် ရင်ခွင်မြို့တော်မှာ
အဖိုးမဖြတ်နိုင်တယ့် နှောင်ကြိုးတွေကို
ဝယ်ပီး အလွမ်းတစ်ချို့ကို အမ်းခဲ့တယ်နော်
ဧည့်သည်ရထား
ထွက်ခွာသွားလည်း
လက်ပြ ကျန်ရစ်
နှုတ်ဆက် ဆွေးပူ
ငေးနေသူ ငါ့အတွက်တော့
အမ်းခဲ့တယ် အလွမ်းတချို့က
 အမှတ်တရပဲလား................


No comments:

Post a Comment