အများနဲ့မတူ တမူထူးစွာ
ကွဲပြားအမြဲ လွန်စွာကဲပြီး
တရေးနိုးတောင် မရမကခဏခဏ
အချစ်ရေးလို့ ထခေါ်ကာမြဲ
မောင့်ရင်ခွင်ထဲမင်းမရှိကာ
ချစ်ကလေးအသံမကြားရရင်
အိပ်မပျော်တာမို့ ကျေးဇူးပြုပြီး
မောင့်ရင်ခွင်ထဲ ပေးပါနော်။။
မောင့်ပြောစကားမေ့သွားတာမဟုတ်ပါ
ခဏကလေးမေ့ထားတာပါ။၊
မောင်မသိတဲ့နောက်ကွယ်မှာတော့
မအားလပ်တဲတာဝန်ခြားက
ဝိညာဉ်လွင့်မတတ်လွမ်းနေရုံကလွဲပြီး
မတတ်နိုင်တဲ့ဒီဘဝမှာခဏလေးတော့
ချစ်ကာအမြဲနေပေးပါနော်
နော်---နော်လို့၊၊
ဇလပ်နွယ်
No comments:
Post a Comment