လွမ်းလိုက်တာ ချစ်သူရယ်

လွမ်းလိုက်တာ ချစ်သူရယ်
ရေမြေခြားချစ်သူတိုင်း ချစ်နိုင်ကြပါစေ

Wednesday, June 5, 2013

မောင့်အချစ်

မောင့်
အချစ်ရယ်ကပင်မြင့်ပေါ်နေပြန်လည်း
လေအတင့်မှာသင်းကြူကာ
ရနံဆောင်ရူရသူ ဘဝင်မြူးကာ
ရူးရမတတ်ပင်၊။
မောင့်အချစ်ရယ်က  မြေခကာကြွေပြန်လည်း
မြေခပန်းရယ်လို့အလှမပျက်
အနံရယ်မပြယ်ပါဘူး
ထုံသင်းကာနေမြဲကွယ်။။
အပိုဆင့်ကာတင့်လိုက်ပုံက
သောကခံစားဝေဒနာများသူကို
ဆေးဖက်အဖြစ်အသုံးဝင်ကာ
ဖြည့်စွမ်းပြန်တယ်။။
ဒီပန်းအမည်  ပန်းခရေလူသိများသလို
မောင့်အချစ်အမှန်ရတဲ့
ဇလပ်နွယ်ကံကောင်းပုံက
မောင့်အချစ်ပန်းခရေ
တင့်တယ်စွာဆင်းမြန်ခွင့်ရသဖြင့်
သွေးဆူးကာဘဝင်မြင့်
ရူးရပြန်သေး၊။
                                              ဇလပ်နွယ်

No comments:

Post a Comment