လွမ်းလိုက်တာ ချစ်သူရယ်

လွမ်းလိုက်တာ ချစ်သူရယ်
ရေမြေခြားချစ်သူတိုင်း ချစ်နိုင်ကြပါစေ

Thursday, June 6, 2013

ဧကန်

မောင့်ကိုများလူ စံတင်လောက်တဲ့
တည်ကြည်ခံ့ညား
ဘုန်းကျက်သရေပြည့်စုံလျှံပြီး
စေတနာပေါကြွယ်   အကြင်နာချစ်ခြင်းတည်မြဲအစဉ်
လေးစားလောက်တဲ့  မောင့်စိတ်အမှန်ကိုပြမယ်ဆိုယင်
စိတ်ကိုမြိုသိပ်  ကြိတ်ကာဆွေးရ
နေဆိုနေခဲ့  သေဆိုသေကာ
ခေါ်ယင်လိုက်ပါ  ထားခဲ့ကျေနပ်
ဟန်ဆောင်ပြုံလို့
နေပြမဲ့မောင့်ချစ်သူ  ဧကန်မှန်မို့
မငဲ့မကွက်   ရဲရဲသာအမှန်
ကျေနပ်ပျော်ရွှင်မောင့်စိတ်စဉ်ကို
ထုတ်ဖော်ပြသလိုက်ပါမောင်၊၊
ကျမသိတဲ့မောင့်စိတ်မှန်ကာ
များသူငှာထင်သလို
မဟုတ်ရပါဆိုတာကိုလည်း
ခိုင်ခိုင်မြဲမြဲ    ယုံကြည်ပါတယ်.မောင်၊၊.

No comments:

Post a Comment