အရမ်းချစ်တယ့် အကြောင်းတွေကိုပြောချင်တယ်
မသေချာတယ့် အနာဂတ်မှာ ပြန်တွေ့မှ နင့်ကိုပြောပြမယ်
ငါလည်း နင့်ကို အရမ်းကြီး မမျှော်လင့်ဘူး
နင်လည်း ငါ့ကို အယုံကြည် မထားစေချင်ဘူး
ငါ့အတွက် နင်နဲ့ ပတ်သက်တယ့် အနာဂတ်တွေမသေချာသေးသလို
နင့်အတွက် ငါရဲ့ အမှတ်တရ အတိတ်ဆိုတာလည်း ပျောက်ဆုံးတက်တယ်
ချစ်သူလေးရယ် မဖြစ်နိုင်တယ့် ဘ၀တွေမှာ
နင်နဲ့ မနီးရလို့ ငါငိုမှာမဟုတ်ဘူး
နီးနီးနဲ့ဝေးနေတယ့် ကျပ်ပြားစေ့လို
ငါတို့တွေက မျက်နှာချင်းဆိုင် တွေ့မိမှာမဟုတ်သလို
အဝေးကြီး ဝေးသွားကြမှာလည်း မဟုတ်ဘူး
လက်တွေ့ဘ၀မှာ ငါ့အတွက် သစ္စာရှိနေပေးပါ
နင့်ကို လက်တွဲဖို့ ၀န်မလေးပါဘူး
ငါတို့တွေရဲ့ အချစ်နဲ့ဘ၀ ထပ်တူ ကြပါစေ.......
ငါတို့တွေရဲ့ စိတ်ကူးနဲ့လက်တွေ့ တစ်ထပ်တည်းကြပါစေ....
(ချမ်းဖြိုး)
No comments:
Post a Comment