အကြင်နာတက်ဆုံး မမုန်းတက်အောင်
မုဒိတာပွား နားလည်ခြင်တရားနဲ့
ဖြေကာ မျိုသိပ် အကြိတ်ကြိတ်
အလိပ်လိပ် ဖြစ်တည်သော် စိုးရိမ်မှုကို
တိတ်တဆိတ် မောင်မသိအောင် ပူဆွေး...
ရှုပ်ပွေခြင်း ဇာတ်လမ်း
နားမှာ သန်းသော်ငြားလည်း
မချိတချိ ရင်ခုန်သံတို့နှင့်အတူ
ကျဉ်းလှစွာသော ဒီအခန်းငယ်ထဲ
ခမ်းနားလှသော နားလည်မှုတို့များက
တိတ်တဆိတ် မောင်မသိအောင် ငိုကြွေး.........
ဟိုအရင်ကတည်းက မေ ဟာ
မျိုသိပ်ခြင်းများစွာနဲ့ တိုးတိတ်ခဲ့ရသူမို့
အချစ် ယိုဖိတ်တာကို စောင့်နေတာလား
မောင် မသိသလိုနဲ့ ဟန်ဆောင်နေရာက
ရင်တွင်း ချစ်တွေ ဝေးရမှာကို မလိုလားလို့
မသိစိတ်က နေ့တိုင်း ချစ်တယ်လို့ပြောတာကို
တိတ်တဆိတ် မောင်မသိအောင်.........
မောင်ရေ ချူချင်သူများလို့
မောင်မှအပ အခြားလက်ထဲ မကူးပြောင်းပဲ
မောင့် ရင်အဖွင့်ကို စောင့်နေတာကို
သိပါစေ........မောင်ဆိုသော အချစ်သခင်လေးရယ်
No comments:
Post a Comment