သူငယ်ချင်း
သံယောဇဉ်ကြိုး တမျှင်ရစ်တိုး
တကြိုးရစ်နွယ် တနွယ်ရစ်ပတ်
တသက်နှောင်တွယ် မမြင်ကြိုးများ
ထပ်ထပ်ရစ်ပတ် အဖြူရောင်နှလုံးသား
ဘယ်အရောင် ဘယ်လောက်ကောင်းကောင်း
အချိန်တန် အရောင်လွင့်မြဲမို့
နင်လည်းသိ ငါလည်းသိ
ဖြတ်ရခတ်တဲ့ သံယောဇဉ်
မပူလောင် အရောင်မပြောင်းအောင်
ရင်ထဲမြိုသိပ် ကြိုတ်ထားမသွေ
မပွင့်စေနဲ့ ၂ ယောက်အတူထိန်းကာ
သူငယ်ချင်းလို့ ဆက်ခေါ်ပါကွယ်
နင်ဟိတ်ခေါ်ယင် ငါဟင်ထူးမယ်
တသက်ပျက်လိုက်ပါနဲ့ ငါတောင်းဆိုပါတယ်
ငါမနေတတ်လို့ပါ ရင်ထဲကသူငယ်ချင်း
No comments:
Post a Comment