ဝေလည်းဝေပါစေတော့
မျိုသိပ်ကာထားတယ့်
မောင့်ရင်တွင်းကြိတ် ဝေဒနာကို
ဖွင့်ကာအံချ အမှန်ပြလို
တစ်လုံးရယ် မလို
ဟန်ရယ်မပိုပဲ
အရှိကို အရှိတိုင်းပြ
မိရိုးဖလာ အချစ်ဘာသာမှာ
ဘာမှမရောယှက်လို့
သီးသန့်ဖြစ်တည်နေတယ့်..အချစ်ကို
ရွှေငွေမရှိလည်း ထိုက်သင့်တာမို့
အလိုက်သင့်လေး ပြောလိုက်မယ်နော်
No comments:
Post a Comment