လမ်းမကြီးကဘေးကိုဖယ် ရှည်လျားတဲ့ဒီလမ်းသွယ်
ဝင်ရတဲ့ဒီလမ်းရှည်တွေ့ပါပြီ ရွှေကျောင်းတော်
ခံညားတဲ့ကျက်သရေနဲ့ တပည်တွေဒီကိုလာစမ်း
ခေါ်နေသယောင်ထင်မှတ်မိလို့ ရွှေရင်စုံခုန်ရပြန်သေ
လက်ပံပင်ဇရက်ကျ ဒီစကားသာလွန်ကာ
တွေ့ဆုံပြန်ငယ်ပေါင်းတသိုက် နင်ဝလို့ရုပ်ဆိုးလား နင်ပိန်လို့လှလာတယ်
ခေတ်နဲ့အညီအပြိုင်နူတ်ဆက်တော့ငယ်မူပြန်ဆယ်ကျော်သက်ရောက်သွားရပြန်
အလွမ်းပြေကျောင်းတော်တပတ်လမ်းလျှောက်မိပြန်
မျက်လုံကအငြိမ်မနေ ခုံတန်ရှည်ကြည့်မိပြန်တော့
ဘာဘာညာညာသတိရ ရှာမိပြန်သေး
တွေ့ပါပြီ သွေး မျက်နှာပြုံးဖြီးဖြီးနဲ့
ဇလပ်နွယ် နင်ပိုလှဆိုလာပြန်တော့
ဟုတ်တာမဟုတ်တာအသာထားလို့ ဇလပ်ဘဝင်မြင့်ရပြန်
အမားအဆူခံ အတင်းဝယ်အမြန်ချုပ်တဲ့အပြာနုအောင်ခံအပြာရင့်ချိတ်ရယ်က
တကယ်ဝတ်လိုက်တော့ ခြေဖျားနဲ့လက်ဖျားသာပေါ
မင်းမူကာချယ်လဲလိုက်သူက ဝတ်ရုံနက်အစိမ်းကြားပါ
ချယ်လဲခံကျမမှာက ဘဝင်ကျကျေနပ်မိပြန်
အခမ်းအနာအဖုံဖုံ ဆင်ကာနွဲပြီးပြန်တော့
ဘဝအတွက်အမှန်ရပ်တည်မူ့အပြည့်ပေးတဲ့
ဒီလက်မှတ်လက်ဝယ်ဆောင်
ပျော်ရွှင်စွာ အပါးနဲ့အမားထံ
ရိုသေစွာအပ်မိပြန်တော့
ခံညားပျော်ရွှင် အပါးမျက်နှာ
ဝမ်သာပိတိ မျက်ရည်ဝဲတဲ့
လှပတင့်တယ်အမားမျက်နှာ
မြင်ရပြန်တော့ ဇလပ်နွယ်မျက်ရည်ဝဲမိတော့
ွှအလှပျက်မှာအလွန်ကြောက်လို့
သူငယ်ချင်းနဲ့စကားအမြန်ပြောကာထိန်းရပြန်သေး
ဒီနေမှာသောကဆိုတာဇလပ်နွယ်နဲ့လုံးလုံးမှမဆိုင်
ရင်ထဲမှာအပျော်တွေဆင့်ကာကဲတယ်
သုခဘုံဆိုတာထင်ပ အမြန်မကုန်အောင်ဆွဲထားချင်တယ်
မရပါအချိန်ရယ် ကံဖန်လာတာကခွဲရတော့မယ်
သူငယ်ချင်တွေ ဖုန်းနံပါတ်အပြန်အလှန်ပေးကာ
အဆက်အသွယ်မပြတ်ကျေး ဂတိတွေအတန်တန်ထားခဲ့
ဘဝအတွက်ဘာလုပ်မယ်တိုင်ပင်ကြပြန်တော့
ဇလပ်က အိမ်မှာအငယ်ဆုံးမို့ဟုတ်ကဲ့လုပ်ရတယ်
ချစ်သူထားပြန်တော့ ပိုကာဆိုးသူ့အလိုကြတပည့်ခံရပြန်
ဒီတခါမရပါဘုးဘာလုပ်မယ်စဉ်စားကြည့်မိ
သတိရတယ် ကိုမြင့်စိုး(ရွှေမြို့တော်သူငယ်ချင်းကျောင်းဆရာ)အားကျလို့
ွှအနိုင်ရသူရှာမိပြန်တော့ တွေပါပြီးကလေးတွေ
ဘာရမလည်းငါလည်းဆရာမလုပ်မယ်လို့
သူငယ်ချင်းတွေကိုကြွားခဲ့ပြန်တယ်
အချိန်တန်အမှန်တကယ်ခွဲရပြန်တော့
ွှအလှပျက်မှာမကြောက်တော့ပါဘူး
မျက်ရည်တွေတာလိုကျိုးကာသူငါအပြန်အလှန်
နူတ်ဆက်ကာလမ်းခွဲခဲ့တယ်
ရွှေကျောင်းတော်အမှန်လွမ်းလို့
ဒီကဗျာဇလပ်နွယ်တကယ်ရေးပါတယ်၊၊
ဇလပ်နွယ်၊၊
No comments:
Post a Comment