မညီနိုင်တယ်ကာရန်တွေနဲ့
ကဗျာတစ်ပုဒ်ရဲ့အဆုံးသတ်မှာ
ဇာတ်ကောင်တွေမပေါင်းရခြင်းပဲ
နင်ကိုယ်တိုင်ရေးပီး
နင်ကိုယ်တိုင်သရုပ်ဆောင်တယ့်
ကဗျာမဆန်တယ့်ပြဇာတ်ထဲမှာ
ငါဟာ မင်းသားလေးလား
နင်ငိုဆို ငို
နင်ရယ်ဆို ရယ်
နင်လွမ်းဆို လွမ်း
နင်မုန်းဆို မုန်း
ကဗျာထဲက မင်းသားလေးငါ့ကို
နင်အမျိုးမျိုး သရုပ်ဆောင်စေခဲ့တယ်
အဆုံးသတ်မှာ နင်နဲ့ငါမပေါင်းလိုက်ရပါလား
ကဗျာလေးလှဖို့ ငါ့နှလုံးသားက
အစမ်းသပ်ခံဆိုရင်
ကာရန်လေးတွေညီဖို့
နရန်လေးတွေ လှဖို့
လိုရာမှာအသုံးချပါ
မင်းသားဖြစ်တယ့်ငါက
မင်းသမီးလေးနင့်ကို
မျက်ရည်ကျအောင်ချစ်ပေမယ့်လည်း
ဇာတ်ကောင်ကိုက မပေါင်းရဘူးလို့သတ်မှတ်ထားတယ့်အတွက်
ငါဘယ်လောက်ကြိုးစားရိုးသား
နင့်ကိုမပိုင်နိုင်တော့ဘူးဆိုတာ
သေချာသွားပီပေါ့........
ကဗျာဆရာမလေးရယ်
နည်းနည်းလောက်လျှော့ပါလား
No comments:
Post a Comment