အိပ်မက်တွေသာ
တကယ်ပါဆိုရင်
တွယ်တာမိတာ
မမှားပါဘူးနော်...။
လရောင်ဖိတ်ကျ
အိပ်မရဘူး
ခဏခဏ
သတိရတာ
အတိအကျသိချင်တယ်....။
လေပြေတိုက်လည်း
အတွေးထဲမှာ
အမြဲလာသူ
မငြူစူရင်
တူတူပျော်ကြ
အမှတ်ရအောင်
ညီမျှနှောင်ထုံး
သည်းနှလုံးလေးပေးချင်တယ်။
နှင်းတွေကျလည်း
မအေးရဲဘူး
အသည်းကလေး
ပြန်ပြန်နွှေးလို့
တွေးတွေးဆဆ
ပြန်ဆက်သချင်
မင်းရင်ခွင်ထက်ထားချင်တယ်၊၊
ဒိီကဗျာလေးနဲ့ဒ်ီပုံလေးက
ဇလပ်ဘဝရဲ့မပျောက်ပျက်နိုင်သော်
အမှတ်တရပါနော်
ဇလပ်နွယ်
No comments:
Post a Comment