လွမ်းလိုက်တာ ချစ်သူရယ်

လွမ်းလိုက်တာ ချစ်သူရယ်
ရေမြေခြားချစ်သူတိုင်း ချစ်နိုင်ကြပါစေ

Tuesday, June 4, 2013

ရွက်ငယ်..

ဖူးသစ် ရွက်ငယ်
သက်လျှောကြွေလို့ မြေခတော့မယ်
ဝေချိန်မှာလည်း မစိမ်းလန်းခဲ့သလို
ကြွေချိန်မှာလည်း မစိမ်းနိုင်တော့ပါဘူး
ရွက်ငယ်ရယ် ငါလည်း နင့်လိုပါပဲ
ရော်လစ် နှလုံးသားလေး
ချစ်သူရဲ့ အမုန်းအောက်မှာ
ခရတော့မယ်
ဘယ်လိုနည်းနဲ့ ကြွေရမှာလည်း
ချစ်သူဘ၀မှာလည်း
သံသယများနဲ့မပျော်ရွင်နိုင်ဘူး
နောက်ဆုံးချိန်မှာလည်း
အပူမီးတွေနဲ့ ဟန်ဆောင်တောင်မပြုံးနိုင်ဘူး.....

ဒါပေမယ့်ရွက်ငယ် ငါနင့်ထက်သာခဲ့တယ်
သူ့ဟန်ဆောင်ချစ်ကို ငါရလိုက်တယ် ရွက်ငယ်....

No comments:

Post a Comment