ခေါင်ကျကျ ၊ပန်းကျကျ
ဖြစ်သလိုနေရတယ့်ဘ၀မှာ
ချစ်တယ့်စိတ်၊ တစ်ခုတည်းနဲ့
နင်ဝင်လာရင် အားလုံးဟာ
အချည်းနှီး ဖြစ်သွားလိမ့်မယ်
အကျည်းတန် ၊ အပစ်ခံဘဝ
နင်တက်မတ်တာ၊ ငါ့နှလုံးသားဆိုရင်
ရင်ကိုခွဲပြီး၊ ထုတ်ပေးလိုက်မယ်
ငါ့ဘ၀ထဲကိုတော့၊ ၀င်မလာချင်နဲ့
လျောက်မယ့်လမ်း၊ ပန်းမဟုတ်
မုန်တိုင်းလို ၊ကြမ်းပြီး
ဆူးများစွာနဲ့အခက်လမ်း
တစ်ဖက်ကမ်းကို ကူးလိုက်ပါ
ငါ့ဆီမှာမရနိုင်တယ့် အရာတွေကို
သူကပေးစွမ်းနိုင်လိမ့်မယ်
မဖြစ်နိုင်မှန်း သိလျက်နဲ့
ချစ်မိတာ ငါ့အမှား
အခုတော့၊အဆုံးသတ်ဖို့
ငါ့အတွက်ခက်နေပြီ
ငါလေနင့်ကိုအချစ်လို့မဟုတ်
ငါ့အတွက် မျက်ရည်ကျတယ့်
နင့်ကိုငါအရမ်းချစ်ပါတယ်
အရမ်းချစ်လို့လည်း
ငါ့ကိုနားလည်ပေးစေချင်တယ်........
ငါတို့နှစ်ယောက်ကြား
ခြားနေတာက...........မြေ
လူတွေထင်နေတယ့်
အဆင့်တန်းဆိုတယ့်..........ငွေ
ကိုးကွယ်လူမျိုး
ကွဲနေပြန်တယ့်....ဘာသာ
ထပ်တူကျစေတာ တစ်ခုကျတော့
အဖြူသက်သက်၊နားလည်မှုချစ်ခြင်း
အပစ်ကင်းပါဘိ ၊ ဒီတစ်ခု
ပြုစုကာပေးချင်ပါတယ် နင့်အနား
ငြူစူကာမနေနဲ့..နင်ကြားလား
နှင်တယ်လို့၊ မထင်နဲ့
လာရာကို ပြန်လှည့်လိုက်ပါ
တန်ဖိုးရှိတယ့် နင့်အချိန်တွေ
ငါ့အတွက်မဖြုန်းတီးနဲ့
လှပတယ့် အနာဂတ်လေးကို
ငါမဖျက်စီးရက်ဘူး
အထင်သေးတယ့် အကြည့်တွေကြား
နင်ငိုရင် ငါမနေတက်လို့ပါ
နင်လိုလားတယ့် အရာတွေ
ငါဖြည့်ဆည်း မပေးနိုင်ဘူး
ငါနင့်ကို မဖြည့်ဆည်းပေးနိုင်ပေမယ့်
နင်မသိတယ့် အခြားတစ်ဖက်မှာ
နင့်ကိုဖြည့်ဆည်းပေးချင်တယ့်
သူတစ်ယောက်ကတော့ စောင့်နေပြီ
ငါနင့်ကိုဘယ်လိုမေ့လို့ရမှာလည်း
ခြားနားချက်တွေများလို့သာ စွန့်လွတ်ရတယ်
ဒါပေမယ့်....ငါနင့်ကိုချစ်တယ်.......(သက်ဆိုင်သူသိပါစေ)
(ချမ်းဖြိုး ) rawmide@gmail.com
No comments:
Post a Comment